(Terms and Conditions)

၁။ MyanLearn အကြောင်း
MyanLearn service ဆိုသည်မှာ MyanLear နှင့် MPT တို့ ပူးပေါင်းတင်ဆက်သည့် အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးသည့် အွန်လိုင်း အင်္ဂလိပ်စာသင်ကြားရေး ပလက်ဖောင်း ဖြစ်ပါသည်။ MyanLearn တွင် သုံးစွဲသူများအနေဖြင့် မိမိလေ့လာမည့် အမျိုးအစားနှင့် ခက်ခဲမှု အဆင့်ကို ရွေးချယ်ပြီး အင်္ဂလိပ်စာ သင်ခန်းစာများကို စာနှင့်သာမက ဗီဒီယိုများ၊ အသံဖိုင်များဖြင့်ပါ ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။

၂။ အသုံးပြုရန်လိုအပ်ချက်
ယခု ဝန်ဆောင်မှုကို ရယူမည့်သူသည် ကြိုတင်ငွေဖြည့်စနစ် (Pre-Paid) ဖြင့်သုံးသည့် MPT အသုံးပြုသူတစ်ယောက်ဖြစ်ရမည်။

၃။ ဝန်ဆောင်မှုအသုံးပြုခ
MyanLearn ဝန်ဆောင်မှုကို စတင်အသုံးပြုတဲ့အချိန်မှစ၍ အသုံးပြုပါက တစ်ရက်လျှင် (၉၉) ကျပ်နှုန်း ကောက်ခံသွားပါမည်။ MyanLearn Application အား Download ရယူရန် https://myanlearn.org/myanlearn.apk အား နှိပ်ပါ။ (သို့) 8443 သို့ ON ဟု MPT ဖုန်းဖြင့် စာတိုပေးပို့ပါ။ MPT မှ ဝန်ဆောင်မှု လျှောက်ထားရယူခြင်းကို မှန်ကန်မှု ရှိ မရှိ အတည်ပြုသည့် SMS ပေးပို့မည်ဖြစ်ပြီး သင့်အနေဖြင့် လက်ခံပါက "9" ဟု ရိုက်နှိပ်ပြီး ပြန်လည်ပေးပို့ရပါမည်။

၄။ ငွေပေးချေခြင်း
ဤဝန်ဆောင်မှုကို သုံးစွဲခြင်းနှင့် ဆက်စပ်ပြီး ကျသင့်သော ဝန်ဆောင်ခများကို MPT ဖုန်းငွေလက်ကျန်မှ ဖြတ်တောက်မည်ဖြစ်ပါသည်။ MPT မှ တွက်ချက် ကောက်ခံသွားမည်ကို မိမိအနေဖြင့် သဘောတူညီပါသည်။

၅။ ဝန်ဆောင်မှုပေးခြင်း
ဝန်ဆောင်မှုကို ရယူရန်အတွက် ဝန်ဆောင်မှု အသုံးပြုခ ပေးသွင်းပြီးသောအခါတွင် သင်ခန်းစာများ၊ အသံဖိုင်များ၊ သင်ကြားရေးဗီဒီယိုများ နှင့် လေ့ကျင့်ခန်းများကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ဝန်ဆောင်မှု ရယူပြီးသည့်အခါတွင် အသုံးပြုရန် သဘောတူညီမှု ပေးသည့် စာတို SMS နှင့်အတူ ဝန်ဆောင်မှုပေးသည့် link ကို ရရှိမည် ဖြစ်ပါသည်။ ဝန်ဆောင်မှုရပ်တန့်လိုပါက “8443” သို့ OFF ဟု စာတိုပေးပို့ရမည် ဖြစ်ပါသည်။

၆။ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း
MyanLearn ဝန်ဆောင်မှုကိုရယူထားပြီး MPT ဖုန်းဘေလ်အား ၃လ (ရက်၉၀) အထိ ထပ်မံဖြည့်သွင်းခြင်းမရှိပါက ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုက်မည် ဖြစ်သည်။ ထိုဝန်ဆောင်မှု ရပ်ဆိုင်းခြင်းကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်မည်ကို လက်ခံသဘောတူညီပါသည်။ ၇။ MyanLearn နှင့် မသက်ဆိုင်ကြောင်း ရှင်းလင်း ကန့်သတ်ချက်များ MyanLearn မှ ဝန်ဆောင်မှုပေးသည့် အကြောင်းအရာများသည် MPT နှင့် ပတ်သက်ဆက်နွယ်ခြင်း တစ်စုံတစ်ရာမှ မရှိပါ။ မည့်သည့် အချက်အလက်၊ စာသား၊ ဗီဒီယိုများကို မဆို MyanLearn နှင့် မသက်ဆိုင်သော အခြားနေရာများတွင် ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ ကူးယူအသုံးပြုလိုပါက MyanLearn ထံသို့ ကြိုတင် အကြောင်းကြား၍ ညှိနှိုင်းရမည် ဖြစ်ပါသည်။